မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဖြေဆိုကြရာတွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၀၄) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၆၀၈)ဦး၊ ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၄၆၆)ဦး၊ မလှိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၉၀) ဦး၊ ပျက်ကွက် (၂၁) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၅.၂၈ ရာခိုင်နှုန်း၊ မတ္တရာမြို့နယ်အတွင်းရှိ အ.ထ.က(မတ္တရာ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၁) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၀.၄၃ ရာခိုင်နှုန်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ အ.ထ.က(၁) စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၁၃၃)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၂၆)ဦး၊ မြင်းခြံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၁၅၀)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၁၇၁)ဦး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၇၀)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၂၃၄)ဦး၊ နွားထိုးကြီး မြို့နယ်အတွင်းရှိ အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၂၁၉)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၁၇၁)ဦး၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၉၉၆) ဦး၊ ပျက်ကွက်သူ (၅၇) ဦး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၁၀၂၄)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၉၈၈)ဦး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၂၄၁)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၉၇)ဦး၊ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူ (၂၅၁)ဦး၊ ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ (၂၇၇)ဦး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုတွင် ဖြေဆိုသူစုစုပေါင်း (၃၇၉) ဦး၊ တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၇၇) ဦးတို့ဝင်ရောက်ဖြေဆိုကြသည်။

မန္တလေးတိုင်းဒေသကြီးတွင် စာစစ်ဌာန စုစုပေါင်း (၉၇) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။