နမ့်ဆန် မတ် ၁၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းကို လူငယ်များ နွေရာသီအားလပ်ချိန်ကို အကျိူးရှိရှိအသုံးချတတ်စေရန်၊ ကွန်ပျူတာအခြေခံကို နားလည်တတ်မြောက်စေရန်၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်မြို့နယ် ဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်းနည်းပြအဖြစ် (Book Clup) အဖွဲ့ဝင် ဒေါ်ချိုချိုစန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။
ကွန်ပျူတာ အခြေခံသင်တန်းသင်ခန်းစာများအဖြစ် Microsoft Word, Microsoft Excel, Microsoft Power Point များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား လူငယ်(၃၀)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလမှာ မတ်လ (၁၅) ရက်မှ (၃၁) ရက်ထိ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)