ကျောက်တော်မြို့နယ် Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ပြုလုပ်

ကျောက်တော် မတ် ၁၆

 မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁  နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ - ၃​ ဒေါ်ဦးမြခိုင်နှင့် အငယ်တန်းစာရေး ဒေါ်ကျော့ကျော့ဝင်းတို့က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများအနက် ငွေကုန်သက်သာ၍ သက်တောင့်သက်သာရှိပြီး အကျိုးများသည့် လမ်းလျှောက်ခြင်း အလေ့အထကို လူကြီး၊ လူလတ်၊ လူငယ်များပါမကျန် နေ့စဉ်နာရီဝက်ခန့် လမ်းလျှောက်ပေးသင့်ကြောင်း၊ တနေ့လျှင်မိနစ် ၃၀ ခန့်လမ်းလျှောက်ခြင်းကြောင့် ခရီးရှည်သွားနိုင်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကောင်းစွာအစာကြေကျက်ခြင်း၊ သမာဓိစိတ်၏တည်ကြည်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ အထောက်အကူပြုခြင်း၊ ဆီးချိုသွေးချိုရောဂါ ကုသရာတွင်အထောက်အကူပြုခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားများသန်စွမ်းစေခြင်းနှင့် ဦးနှောက်နှင့်အာရုံကြော အားကောင်းစေခြင်း၊ အိပ်ပျော်စားဝင်စေခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကို မြင့်တက်စေပြီး ရောဂါပိုးမွှားရန်မှကာကွယ်ပေးခြင်း၊ သက်ရှည်နပျိုကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ကို လျှော့ချစေခြင်း စသည့်အကျိုးကျေးဇူးများကို လက်တွေ့ခံစားရရှိမည် ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့​ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)