ဖျာပုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖျာပုံ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်(၁၂) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က-၁ကျောင်းနှင့် အ.ထ.က-၂ ကျောင်းများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအပြီး၊ ကျောင်းသား၊ ကျောင်းသူများအား၊ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇- ၃- ၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊ တပ်မတော်၏ ဆောင်ပုဒ်များ၊ ကဗျာ၊ ကာတွန်း၊ မြန်မာ့တပ်မတော်၏ သမိုင်းအဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သော သမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဖျာပုံမြို့ အ.ထ.က -၁ကျောင်းနှင့် အ.ထ.က-၂ ကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအပြီးတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)