ပျော်ဘွယ် မတ် ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီမြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ “ကျွန်မတို့အနေနဲ့ လူငယ်လေးတွေအနေနဲ့ နေ့ထူးနေ့မြတ် တွေကိုသိရှိစေဖို့အပြင် ကိုယ့်နိုင်ငံရဲ့အထိမ်းအမှတ်နေ့တွေကိုသိရှိစေဖို့၊ စာစီစာကုံးရေးသားနည်းတွေကို သိရှိစေဖို့ စတဲ့ရည်ရွယ်တွေနဲ့ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူကပြောသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာ မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မတ်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)