စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အခြေခံပန်းအလှပြင်သင်တန်း အမှတ်စဉ် ၉/၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ မတ် ၂၄

ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရန်နှင့် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေး၊ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အခြေခံပန်းအလှပြင်သင်တန်း ၉/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်တွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ကလေးအလုပ်သမား ပပျောက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အရပ်ဘက်လူမူ အဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်မှသာ ကလေးအလုပ်သမားပပျောက် ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်တဲ့ ကလေးလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပူးပေါင်းဆောင်ရွက် ပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဝင်များ၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခြေခံပန်းအလှ ပြင်သင်တန်းအား မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသူ ၂၀ ဦးတက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)