တပ်ကုန်းမြို့၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ဖွင့်လှစ်သင်ကြား ပေးသည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယရက်နေ့တွင် သင်တန်းသားများ ထပ်မံတိုးလာကြောင်း သိရသည်။