သတင်းများ

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Mar 16,2023
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၃) ဈေးရပ်ကွက် လမ်းဆုံ၊ လမ်းမများတွင် ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Mar 15,2023
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)
Mar 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၁) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများကျွမ်းကျင်စွာတတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်တတ်မြောက်စွာ အသုံးပြုတတ်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းအခမဲ့ဖွင့်လှစ်ခြင်းကို တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
သပိတ်ကျင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအား အား​ဖြည့်အချိုရည်များ ပေးဝေ
Mar 15,2023
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ် ၁၂ နာရီကအားဖြည့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြောက်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 15,2023
ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုစေနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည်တိုက်ကိုဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များသို့လည်း စာအုပ်‌စာစောင်များကို လှူဒါန်းဆောင်ရွက်‌ပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရပ်ကွက်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များပေးဝေ
Mar 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ၊ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့် မုန့်များ ဖြန့်ဝေ
ခရိုင်ကလေးသူငယ်အခွင့်အရေးများ‌ဆိုင်ရာ ကော်မတီအစည်းအဝေး (၃/၂၀၂၃) ကျင်းပ
Mar 15,2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ၌ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။