သတင်းများ

ဗိုလ်တထောင်မြို့နယ်၌ ၁၃၈၄ ခုနှစ်မဟာ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ (၅၅) လမ်းရှိ အမျိုးသားစီမံခန့်ခွဲရေးကောလိပ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစား သင်တန်းများဖွင့်လှစ်
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်းသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဘော်လီဘောသင်တန်းကို အမှတ်(၆)ရပ်ကွက်ရှိ ဘော်လီဘောအားကစားကွင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူ
Mar 17,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ  အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ
မင်းလှမြို့ Community Centre တွင် စာဖတ်ဝိုင်းကျင်းပ
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အလုပ်ဆိုတာ အင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ အခြေခံပန်းချီသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို
Mar 17,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူ
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့ဇေယျာသီရိဈေးအနောက်ဘက် လမ်းမကြီးဘေးအများ မြင်သာသည့်နေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။