မင်းလှ မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အလုပ်ဆိုတာ အင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က စာရေးဆရာ ဒေါက်တာမတင်ဝင်းရေးသားသည့် အလုပ်ဆိုတာ အင်အားပါစာအုပ်မှ အလုပ်ဆိုတာအင်အားပါ အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ ခြင်္သေ့စိတ်ထားပါ၊ အလုပ်လုပ်တဲ့နေရာမှာစေတနာပါပါစေ အပါအဝင် အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပြန်အလှန်ဆွေး နွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပေါက်စ(မင်းလှ)