တောင်ဥက္ကလာပ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းချီသင်တန်းတွင် ပန်းချီဆရာ ဝင်းဖေ (အဖျောက်) မှ ပန်းချီအနုပညာဖန်တီးရာတွင် တီထွင်ကြံဆတတ်စေရန်၊ အရောင်များမှန်ကန်စွာ ရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ပန်းချီအနုပညာပုံဖော်တတ်စေရန် သင်ကြားပြသခဲ့ရာ သင်တန်းသူ၊ သင်တန်းသား ကျောင်းသားလူငယ်လေးများမှ စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက် ရှိကြောင်း သိရသည်။
ပန်းချီသင်တန်းတွင် သင်တန်းနည်းပြ ပန်းချီဆရာ ဝင်းဖေ (အဖျောက်) မှ အခြေခံ ပန်းချီရေးဆွဲနည်းများနှင့် အရောင်လေးများအကြောင်းကို လေ့ကျင့်သင်ကြားပေးလျက်ရှိဖြစ်ပြီး သင်တန်းကာလမှာ ၁၃-၃-၂၀၂၃ ရက်နေ့မှ ၁၇-၃-၂၀၂၃ ရက်နေ့ မွန်းလွဲ (၂) နာရီမှ (၃) နာရီအထိ (အခမဲ့) သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေ စုစုပေါင်း (၁၅) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း