ကံမမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကံမ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး​ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က ကလေးအလုပ်သမားပပျောက်အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီကျော်က ကလေးအလုပ်သမား၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးအလုပ်ခိုင်းစေခြင်း၏ အဓိပ္ပါယ်၊ အသက်သတ်မှတ်ချက်နှင့် ပြဋ္ဌာန်းထားသောဥပဒေများ၊ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ၊ ကလေးသူငယ်များအလုပ်လုပ်ကိုင်စေခြင်း အဆိုးဝါးဆုံးပုံစံနှင့် အလုပ်ခိုင်းစေခြင်းများ ကြုံတွေ့ရမည်ဆိုပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)