ကျောက်တန်း မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မှ ပြည်သူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမိုးရှင်းရေးသားသည့် သူစိတ်ဓာတ်ကျချိန်တိုင်းဖတ်ဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ယာယီဥက္ကဋ္ဌဒေါ်ခင်အေးညွှန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကျောက်တန်းမြို့နယ် ဒုတိယဦးစီးမှူးဒေါ်အိသန္တာချိုက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်ကြသူများက စာရေးဆရာ၏ အဓိကထားသင့်သည့် စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါခေါင်းစဥ်ကို ဖတ်ရှု၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။
မြို့နယ်(ပြန်/ဆက်)