ဟိုပန်၌ “ဝ”နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အကြို အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ဟိုပန် မတ်လ ၁၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အကြိုအဖြစ် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းတွင်ပြုလုပ်ရာ ပထမပွဲစဉ်အဖြစ် Wa United အသင်းနှင့် M New Star အသင်းတို့ ယှဉ်ပြိုင်ကစားရာ Wa United အသင်းက ၆ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်ကို မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ ပန်လုံအသင်းက မိန်းပန်း(၀)အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို Wa United အသင်း၊ ပန်လုံအသင်း၊ မိန်းပန်း(၀)အသင်း၊ M New Star အသင်း၊ ရုံးကုန်းအသင်း၊ မတ်ဝမ်အသင်း၊ Wa Youth အသင်း၊ ကချင်စတားအသင်း စသည်ဖြင့် ပြိုင်ပွဲဝင်အသင်း(၈)သင်း ပါဝင်ကာ အုပ်စု(၂)စုခွဲ၍ တစ်ရက်လျှင်(၂)သင်း ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဗိုလ်လုပွဲကို မတ်လ ၂၅ ရက် နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်