သိန္နီမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သိန္နီ မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇−၃−၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၃−၇−၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ တပ်မတော်၏အား (၁၀)ပါး၊ ဆောင်းပါးများနှင့် အသိပညာပေးကာတွန်းများ ပါဝင်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များနှင့် သက်ဆိုင်သည့်အကြောင်းအရာများကို စီစဉ်ထုတ်ဝေ၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)