ကွန်ဟိန်း မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့နံနက် (၁၁:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်သဲမာက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်မွန်က စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်ပြန်လည် ဆွေးနွေးခဲ့ကြပါ သည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထားတိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သက်သက်မွန်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း (၁၀)ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း(ပြန်/ဆက်)