မိုင်းစံမြို့လူထုအခြေပြု (Community  Centre)ခန်းမ၌ စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး Talk  Show ဆောင်ရွက်

မိုင်းစံ  မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး   Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီအချိနခန့်က  မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊

Talk Show ဆွေးနွေးရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ကေသွယ်စိုးနှင့် ရုံးအကူ ဒေါ်စိန်ငွေတို့က  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများဖြစ်သော ဦးနှောက်ကိုပိုမိုလှုံ့ဆော်မှုပေးခြင်း၊ အာရုံစူးစိုက်မှုအားကောင်း စေခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ စိတ်ဖီစီးမှုလျော့ချခြင်း၊ နှစ်ချိုက်စွာအိပ်ပျော်ခြင်းစသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်၊၊

အဆိုပါ  Talk  Show  ပွဲအစီအစဥ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် We  love  Mong San  Page တွင်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မိုင်းစံ (ပြန်/ဆက်)