မိုးနဲမြို့နယ်၌ ပင်စင်အငြိမ်းစား ၂၀၈ ဦးကို ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေးသွားမည်
Mar 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများကို ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင်လည်း ပင်စင်အငြိမ်းစားများမှ အေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။