ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ လူရွေးချယ်ပွဲ ပြုလုပ်

ပုဗ္ဗသီရိ မတ် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက် အားကစားကွင်း၌ ၂၀၂၃ ခုနှစ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ လူရွေး ချယ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ လူရွေးချယ်ပွဲတွင် ​ပုဗ္ဗသီရိမြို့နယ် လူရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေး၊ နည်းပြချုပ် ဦးမျိုးမင်းထွန်း၊ လက်ထောက်နည်းပြ ဦးသက်ဖြိုးဝေ၊ နေပြည်တော်ဘောလုံး(ဒိုင်နည်းပြ) ဦးစန်းလွင်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၃ ခုနှစ် နေ​ပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် လူရွေးချယ်ပွဲ ပြုလုပ်ခဲ့သည်။

လူရွေးချယ်ပွဲသို့ အရွေးချယ်ခံမည့် အားကစားသမားများသည် ၂၀၀၅ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသည့် သူများ ဖြစ်ရမည်​ဖြစ်ပြီး အဆိုပါလူရွေးချယ်ပွဲကို နှစ်ရက်တိုင်ပြု လုပ်သွားမည်ဖြစ်ရာ ပထမနေ့တွင်  (၅၀)ဦးခန့် ဝင်ရောက် အရွေးချယ်ခံခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)