မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊မော်လမြိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ခင်သူဇာက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ် အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ(၉၁၇)ဦး ကိုယ်ပိုင်ကျောင်းမှ(၁၄၆)ဦးတို့က အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မော်လမြိုင်မြို့နယ် အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ (၃၂၁)ဦး ကိုယ်ပိုင်ကျောင်းမှ (၉၇) ဦးတို့ကအမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးခြင်းများကို မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်