သတင်းများ

အမ်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 21,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဆိုင်ရာ (အသားကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ     
Mar 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ
Mar 21,2023
ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား  ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရေလယ်ဘုရားဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို
Mar 21,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁ ရက်(၂၀၂၃ ခုနှစ် မတ် ၂၁ ရက်) ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရုံးရပ်ရှိ သဒ္ဓသုခီရာပြည့်သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပလျက်ရှိသည်။
မိုင်းတုံမြို့၌ ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌အုပ်ချုပ်ရေးမှူးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြိုယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများစုပေါင်း၍
ကျောက်တန်းမြို့နယ်၌ စာပေနှင်စာဖတ်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် စာပေနှင့်စာဖတ်ခြင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ချောက်မြို့နယ်အဆင့် အထက်တန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်​ ဆွေး​နွေးပွဲကျင်းပ
Mar 21,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ မြို့နယ်အဆင့်ဘာသာရပ်စွမ်းရည်မြှင့်​ဆွေးပွဲကို ယ​နေ့နံနက် ၉ နာရီအချိန်က ​ချောက်မြို့ အ.ထ.က(၂)​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်၊ Community Centre ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။