နတ်မောက်မြို့၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

နတ်မောက် မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် အထက်တန်းအဆင့်၊  အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တို့တွင် ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒု-မြို့နယ်ပညာရေးမှူးဦးဖုန်းဟန်စန်းက အထက်တန်း၊ အလယ်တန်း သင်ရိုးသစ် မြို့နယ်အဆင့်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ဘာသာရပ်အလိုက်လိုအပ်ချက်များ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ခြင်းတို့ဖြင့် သင်ကြားသင်ယူမှု ပိုမိုထိရောင် အောင်မြင်စေရန် ဘာသာရပ်အလိုက် ပညာရည်ပြည့်ဝသော ဆရာ/မများပေါ်ထွန်းလာစေရန် အထက်တန်း၊ အလယ် တန်းသင်ရိုးသစ် မြို့နယ်အဆင့် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများကို ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများရရှိနိုင် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အထက်တန်းအဆင့် ဘာသာရပ်ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာ/မ များနှင့် အထက်တန်းပြ ဆရာ/မသင်တန်းသား/သူ(၁၀၉)ဉီးနှင့် နည်းပြဆရာ/မ (၉)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပေးခြင်းနှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အထက်အတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းလွန်အဆင့်ရှိ ကျောင်းများမှ အလယ်တန်း ပြ ဆရာ/မ သင်တန်းသား/သူ (၅၆၇)ဦးနှင့် နည်းပြဆရာ/မ (၁၉)ဦးတို့က ဘာသာရပ်အလိုက် သင်ကြားပေးလျက်ရှိရာ သင်တန်းကာလမှာ မတ်လ(၂၁) ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း