ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

ကျွန်းလှ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒီနှစ် ချောင်းရေတင်ပြီး ပန်းမုံလာ၊ ခရမ်းချဉ်၊ ခရမ်း၊ မုံလာထုတ်၊ ကန့်လန့်၊ ငရုတ်၊ ခဝဲ၊ ဗူး၊ ဖရုံ စတဲ့ သီးနှံမျိုးစုံ စိုက်ပျိုးပါတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းတော့ အဆင်ပြေပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်ဟု မကျီးအင်းကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးကပြောပြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား GAP သင်တန်းဖွင့်လှစ်ခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများ လက်တွေ့ပြသခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)