ဟိုပန်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပသွားမည်

ဟိုပန် မတ် ၂၂

၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှုရရှိစေရန် "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် တပ်မတော်နေ့အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲ များကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အားကစားပြိုင်ပွဲ များကျင်းပပေးသွားမည်ဖြစ်ရာ မတ်လ(၂၄)ရက်နေ့တွင် ဟိုပန်မြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်း၌ ဘောလီဘော နှင့် ဝန်ထမ်းပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို လည်းကောင်း၊ မတ်လ(၂၇)ရက်နေ့တွင် မြို့နယ် အားကစားကွင်း၌  ရိုးရာအားကစားနည်းများဖြစ်သည့် လွန်ဆွဲ၊ အပ်ချည်ထိုး၊ မုန့်စား၊ စကောရွက် အားကစား နည်းများနှင့် ပြေးခုန်ပစ်၊ အပြေးမီတာ(၁၀၀/၂၀၀/၄၀၀/၈၀၀)အားကစားနည်း၊ သံလုံးပစ်၊ အလျားခုန် စသည့် အားကစားပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ပါကြောင်း  ဟိုပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)