တောင်သာ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မီးလင်းရေးလုပ်ငန်းကို ကျေးရွာ (၄)ရွာ၌လည်းကောင်း၊ ရေရရှိရေးလုပ်ငန်းကို ကျေးရွာ(၄)ရွာ၌လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးလင်းရေးလုပ်ငန်းကို ချောင်းဆုံကျေးရွာ၌ Transformer လဲလှယ်ခြင်း၊ ပန်းပေါင်းကျေးရွာ၌ ၄၀၀ ဗို့အားလိုင်း ၃၄၁၆ ပေ မီးကြိုးသွယ်တန်းခြင်း၊ ကျောက်ဖူးကျေးရွာ၌ မီးတိုင် ၄၀၀ ဗို့အားလိုင်း ၁၉ တိုင်၊ မိးကြိုး ၁၉၃၉ ပေ တိုးချဲ့သွယ်တန်း ခြင်း၊ မကြီးပင်တဲကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း ၂၄၇၃ ပေ မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းများ ကို လည်းကောင်း၊ ရေရရှိရေးလုပ်ငန်းကို ချောင်းဆုံ(လ) ကျေးရွာ၌ ရေပိုက်လိုင်းသွယ်တန်းခြင်း ၇၀၀၀ ပေ၊ မြေဖြူကုန်းကျေးရွာ၌ စက်ရေတွင်း ဆိုလာတပ်ဆင်ခြင်း 3Phase 5KW၊ ရွေစည်ကြီးကျေးရွာ၌ လေးလက်မစက်ရေတွင်း ပေ ၃၀၀ တူးဖော်ခြင်း၊ သာစည်ကျေးရွာတွင် ပေ ၇၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၃၀ ဖြင့် ကျေးရွာပေါင်း ၈ ရွာတွင် ကျပ်သိန်းပေါင်း ၁၀၄၀ သိန်း အကုန်ကျခံဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးသဖြင့် အိမ်ခြေပေါင်း ၁၆၆၀ အိမ်၊ လူဦးရေ ၉၄၇၁ ဦးအတွက် လှုမှုစီးပွားဘဝဖွံ့ဖြိုး လာနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)