ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်ဝါးထရံယက်လုပ်ရောင်းချသူများ အဆင်ပြေ

​ကျောက်ဆည် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချသူများမိသားစုစားဝတ်နေရေး အဆင်ပြေအဆင်ပြေလျက်ရှိကြောင်း မဇယ်ပင်ကျေးရွာမှ ဝါးထရံယက်လုပ် ရောင်းချသည့် ဦးမြင့်ဆွေပြောပြ၍  သိရသည်။

ဝါးထရံပြုလုပ်ရာတွင် တင်းဝါးကိုသာ အဓိကသုံးစွဲကြကြောင်းနှင့် တင်းဝါး(၁၀)လုံးလွှာပြီး ထရံယက်လုပ်ပါက အနံ(၄)တောင်၊ အလျှား(၁၀)တောင် ထရံတစ်ချပ်ရရှိကြောင်း ကုန်ကျမှုအနေဖြင့် အနေဖြင့် ငွေကျပ်(၂)သောင်း ကုန်ကျပြီး ရောင်းချရာတွင် ငွေကျပ်(သုံး) သောင်းငါးထောင် ရရှိကြောင်း၊ ဝါးထရံယက်လုပ် ရောင်းချသူများအနေဖြင့် မှာယူသည့်အပေါ် ထရံ အထူ၊ အပါး၊ အကြီး၊ အသေးအကွက် ဖော်(ဒီဇိုင်း)၊ (ဒေသအခေါ်)နှီးပူးဝါးထရံ အမျိုးမျိုး ယက်လုပ်ရောင်းသဖြင့် အလုပ်အကိုင်များ အဆင်ပြေကာနေ့စဉ်ဝင်ငွေရရှိသဖြင့် မိသား စု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရေစိမ်ထားသည့်ဝါးဖြင့် ယက်လုပ်သောထရံများသည် နှစ်ရှည်ခိုင်ခံ့ပြီး ဝယ်ယူသူပိုမိုကြိုက်နှစ်သက်သောကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ထရံယက်လုပ်ရောင်းချသူများသည် တံတားဦးမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ ရေစိမ်ဝါးရောင်းချသူများထံမှ ဝါးများဝယ်ယူကာ  ယက်လုပ်ရောင်းချကြောင်း ထရံယက်လုပ်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)