ဟိုပုံးမြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

ဟိုပုံး မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်တွင် ဖွင့်လှစ်ထားသော စိုက်ပျိုး‌ရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂း၀၀နာရီအချိန်တွင်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ဟိုပုံးမြို့နယ်အတွင်းရှိတောင်သူများ ဝယ်ယူသုံးစွဲနေရသော စိုက်ပျိုးသွင်းအားစုများဖြစ်သည့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးများအရည်အသွေးပြည့်မှီရေးနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုး‌ရေးသွင်းအားစု အရောင်းဆိုင်များဖွင့်လှစ်ထားသူများ လိုက်နာရမည့်မြေဩဇာ၊မျိုးစေ့၊ပိုးသတ်ဆေး ဥပ‌‌ဒေ၊ နည်းဥပဒေများကို ရှမ်းပြည်နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ဦးစီးမှူးဦးလှညိမ်းနှင့် မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်စန်းဝင်း၊ မျိုးစေ့တာဝန်ခံဒေါ်မူဝင်းကြည်နှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးချိုချိုစိုးတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တောင်ကြီးခရိုင်ဦးစီးမှူး၊ ဦးလှညိမ်းနှင့် တာဝန်ရှိသူများတို့သည် ဟိုပုံးမြို့ပေါ်ရှိ စိုက်ပျိုး‌ရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)