၂၀၂၃ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်များတွင် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောခေါက်ရေပြောင်းလဲပြေးဆွဲပေးမည်

ရန်ကုန်  ဧပြီ   ၇

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)ကြီးကြပ်မှုအောက်ရှိ ရန်ကုန်(ပန်းဆိုးတန်း-ဒလ)သို့ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူများစိတ်အေးချမ်းသာစွာ သွာရေးလာရေးအဆင်ပြေချောမွေ့လွယ်ကူစေရန်အတွက် သင်္ဘောခေါက်ရေပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ)သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ်ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သို့ဝင်/ထွက်သွားလာနေကြသော အများပြည်သူများအား ကမ်းရိုးတန်းမြစ်တွင်းသွားချယ်ရီသင်္ဘောရေယာဉ်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ (ပန်းဆိုးတန်းဒလ)သင်္ဘောခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့်ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ(၄၀)ခေါက်၊ အပြန်ခေါက်ရေ(၄၀)ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှစတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီ ၄၀ မိနစ်အထိလည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၇ နာရီအထိလည်းကောင်း၊ သင်္ဘောရေယာဉ်ခရီးစဉ်များဖြင့် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

အဆိုပါသင်္ဘောဆိပ်ကမ်းသည်အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများစွာကို မြစ်တွင်းသွားချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပုံမှန်ပို့ဆောင်ပေးနေသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိခရီးသည်များသွားလာမှုအ‌ပေါ်မူတည်ပြီး ရေယာဥ်ခရီးစဉ်များကိုပြောင်းလဲသက်မှတ်၍ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် သက်ြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများတင်ပို့မှု လျော့နည်းလာသဖြင့် သင်္ဘောခရီးစဉ်ကိုအသွားခေါက်ရေ(၂၀)၊ အပြန်ခေါက်ရေ(၂၀)နှုန်းဖြင့် ဒလဆိပ်ကမ်းမှစတင်ထွက်ခွာချိန် နံနက်(၆)နာရီမှ ည(၆)နာရီခွဲအချိန်အထိလည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆:၃၀ နာရီမှ ည ၇ နာရီအချိန်အထိလည်းကောင်း၊ သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသက်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများသိရှိနိုင်စေရန်အတွက် သင်္ဘောဆိပ်ကမ်းရှိလက်မှတ်ရုံဝင်ပေါက်တွင်

အသိပေးဗီနိုင်းများဖြင့် ကြော်ငြာထားသည်။

သက်ြန်ရုံးပိတ်ရက်ကာလပြီးဆုံးပါက သင်္ဘောခေါက်ရေခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးမည်ဖြစ်သည်။ ယခုအချိန်တွင် ရေယာဉ်ဖြင့်သွားလာနေရသော အများပြည်သူများစိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် သင်္ဘောယာဉ်စီးခမှာယခင်အတိုင်းတစ်ဦးလျှင်(၂၀၀)ကျပ်ဖြင့် ဈေးနှုန်းမတက်ဘဲပို့ဆောင်ပေးနေခြင်း၊ အများပြည်သူများသွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စိတ်အေးချမ်းသာစွာသွားလာရေး မြန်ဆန်လွယ်ကူချောမွေ့မှုရှိခြင်းတို့ကြောင့် အများပြည်သူများသည်၊ သင်္ဘောခရီးစဥ်ကိုသာအဓိကထား၍သွားလာနေရကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)