ပြည် ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြည်ခရိုင်ပြန်/ဆက်ဦးစီးအရာရှိဦးအောင်ကိုသန့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနပြည်ခရိုင်ရုံးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဥ်ယဥ်မြင့်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းနှင့် အကြမ်းဖက်မှုအမျိုးအစားများအကြောင်း၊ ကြိုတင်ကာကွယ်ရေးနည်လမ်းများအား အသိပညာပေးဆောင်ရွက်မှုများအကြောင်းနှင့် အကြမ်းဖက်ခြင်းခံရသောအမျိုးသမီးများအား နောက်ဆက်တွဲစောင့်ရှောက်မှုများအကြောင်းတို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)