သံတောင်ကြီး ဧပြီ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံ ကိန်းဖြင့်ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အလယ်ချောင်းအောက်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့်ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအလယ်ချောင်းအောက် ကျေးရွာမြစိမ်းရောင်အတိုးရငွေငွေကျပ် (၈၆) သိန်းနှင့်ပြည်သူလုပ်အားဖြင့် အလျား(၁၀)ပေ၊အရှည် (၄၀၀) ပေ၊ထု(၆)လက်မကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယခုကဲ့သို့ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းကျင်းပေးမှုကြောင့် ကျေးရွာနေပြည်သူများပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများဖြင့်သွားလာသည့်အခါတွင် ပိုမိုလွယ်ကူအဆေပြေကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
နော်နော်မူ