ချောင်းဆုံ ဧပြီ ၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများနေ့စဉ်စားသုံးနေသည့် ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်မှာ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်နှင့်ပတ်သက်၍ သိရှိစေရန် ချောင်းဆုံမြို့နယ်(ပြန်/ဆက်)ဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀:၃၀)နာရီက ကုန်အမှတ်တံဆိပ်အညွှန်းနှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် (ပြန်/ဆက်)ဒု-ဦးစီးဒေါ်ဝင်းဝင်းချောက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ထက်ထက်နွေဦးက စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်ပြီး ကုန်အမှတ်တံဆိပ်အညွှန်း အမှတ်အသားအကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)