သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး(Talk Show)ကျင်းပ
Apr 07,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မိုးကြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံးကာနီးအချိန် ထန်းမရာသီစတင် ထန်းဖိုထန်းလျှက် ဈေးကောင်းနေ
Apr 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်း တက်လုပ်ငန်း ပြီးဆုံးကာနီးချိန် ထန်းမထန်းတက်လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။
ကန်ကြီးထောင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
Apr 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံရှိ နောင်လာနောင်သားများအား မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်အကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာ သင်္ကြန်အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ယနေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 07,2023
မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပကြောင်းသိရသည်။
ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ  မြို့ပတ်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ ရာနှုန်းပြည့် ပြီးစီး    
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့တွင်းလမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းရေးများပြုလုပ်ပြီး ပန်ုးအလှပင်များ စိုက်ပျိုးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များအား ဆယ်ယူဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်  အနောက်မယ်ဇယ်ပင်ကျေးရွာမှ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်မယ်ဇယ်ပင်ကျေးရွာ၌ ဧပြီ(၅)ရက်၊ နံနက် (၉)နာရီ၊မီနစ်(၂၀)အချိန်က မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မိသားစုဝင်(၁၃)ဦး နေထိုင်သည့် လူနေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့မှုကြောင့် ယမန်နေ့ညနေ(၄)နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  
ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် လူငယ်များ စိတ်ဖိစီးမှုလျှော့ချနည်း ခေါင်းစဥ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်
Apr 07,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိ ပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်များစိတ်ဖိစီးမှုလျော့ချနည်း ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေး
Apr 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လာရောက် မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။