တန့်ယန်း ဧပြီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ အမှတ်(၁)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်း၊ အာဟာရပြည့်ဝစေရန် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ရွှေဇင်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသီတာညွန့်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဥမ္မာတို့က ကလေးသူငယ်များအား ကျန်းမာရေးအသိပညာဟောပြောရှင်းလင်း၍ လက်ဆေးခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက မူလတန်းကြိုတက်ရောက်နေ့သည့် ကလေးငယ်များအား ဝတ်စုံများထောက်ပံ့ပေးအပ်၍ အာဟာရပြည့်ဝစေရန်အတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)