တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

တန့်ယန်း ဧပြီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ကြသည်။

ပြည်သူများ မီးဘေးအသိ/သတိရှိစေရန်အတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့်တာဝန်ရှိသူများ၊ စျေးသူစျေးသားများ ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်နည်းနှင့် မီးငြိမ်းသတ်စက်အသုံးပြု၍ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)