လယ်ဝေးမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

လယ်ဝေး ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများ အချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှုစာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေး သည်။

ထို့နောက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမမေချို(ပျဉ်းမနား)၊စာရေးဆရာ ခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာသဘာဝ၊ စာရေးဆရာကျော်လွင်မြင့် (မှော်ဝန်း)၊ စာရေးဆရာ ကိုလင်း(အညာမြေ)၊ စာရေးဆရာမ လုံမငယ်၊စာရေးဆရာစိုးလွင်လွင်(တရားရေး)တို့နှင့် လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ  စာပေဝါသနာရှင်များက စာရေးဆရာမ ဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု စာအုပ်ပါအကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထိုက်ထိုက်( ပြန်/ဆက် )