ကြံခင်းမြို့နယ် ခေမာသီဝံကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျုတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ကြံခင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ လိမ္မာ ယဉ်ကျေးပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနှင့် အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျုတာသင်တန်းများကို  ကြံခင်းမြို့ ဘိလပ်မြေစက်ရုံ  (၄၀)စကေးရှိ  ခေမာသီဝံကျောင်းတိုက်အတွင်း ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ခေမာသီဝံကျောင်းတိုက်ဆရာတော် ဦးဩဘာသ(MA)က ကြီးမှူး ဖွင့်လှစ်သင်ကြားပေးရာ  ဘိလပ်မြေ စက်ရုံ ဝန်ထမ်းသား/သမီးများ၊  စက်ရုံအနီးဝန်းကျင်မှ ကျောင်းသား/သူလူငယ်များ  နွေရာသီကျောင်းပိတ်ရက်အတွင်း  ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျုတာသင်တန်းများကို မတ်လ(၂၂)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးရာ ဧပြီ(၁၀)ရက်နေ့ထိ ရက်(၂၀)ကြာ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ သင်တန်းတွင် သံဃာတော်(၆)ပါးနှင့် ကျောင်းသား/သူ(၁၂၀)ဦး တက်ရောက် သင်ကြား လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)