မင်းတုန်းမြို့တွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်

မင်းတုန်း ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community centre)တွင် ဧပြီ ၅ ရက်နေ့နံနက် ၁၁ နာရီခွဲက စားသုံးသူရေးရာအသိပညာပေး Talk Show ပြုလုပ်ရာ သရက်ခရိုင် စားငုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေက ဝန်ဆောင်မှုနှင့် ပါတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။

ထိုသို့ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆွေးနွေးရာတွင် ဝန်ဆောင်မှုအဓိပ္ပါယ်၊ ဝန်ဆောင်မှုအာမခံချက်ပေးခြင်းနှင့် ဝန်ဆောင်မှုကို စားသုံးသူမှတောင်းဆိုနိုင်သည့်အခွင့်အရေးများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)