ပေါက်တော ဧပြီ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိ ပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်များစိတ်ဖိစီးမှုလျော့ချနည်း ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။
အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက(Talk Show) ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် မမြတ်သွယ်ဦးက လူငယ်များစိတ်ဖိစီးမှုလျော့ချနည်းခေါင်းစဥ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆို ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်စကားဝိုင်းနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူးပြီး ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)