ကန်ကြီးထောင့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ကန်ကြီးထောင့် ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံရှိ နောင်လာနောင်သားများအား မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာ သင်္ကြန်အကြောင်း  သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ယနေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာသင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံ၊ သင်္ကြန်ဟူသော မြန်မာစကား၏ အဓိပ္ပာယ်၊ သင်္ကြန်ချိန်ခါပြုဖွယ်ရာများကို ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာဝင်များ၏ ကောင်းမှု ဆောင်ရွက်ချက်များ၊ သင်္ကြန်၏ ထူးခြားချက်၊  လူငယ်များ ရှောင်ကြဉ်ရမည့် အချက်များကို ပြည့်စုံစွာ ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟု သုတရရှိစေရန် ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ဖိတ်ခေါ်၍ နေ့ကြီး၊ ရက်ကြီးများနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မဇင်