ကျောက်ဆည်မြို့နယ်  အနောက်မယ်ဇယ်ပင်ကျေးရွာမှ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်မယ်ဇယ်ပင်ကျေးရွာ၌ ဧပြီ(၅)ရက်၊ နံနက် (၉)နာရီ၊မီနစ်(၂၀)အချိန်က မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မိသားစုဝင်(၁၃)ဦး နေထိုင်သည့် လူနေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့မှုကြောင့် ယမန်နေ့ညနေ(၄)နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  

ထိုသို့ထောက်ပံ့ရာတွင် အိမ်ဆောက်ပစ္စည်းများ ပြန်လည်ဝယ်ယူဆောက်လုပ်ရန်အတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၃)စုအတွက် ငွေကျပ်(၃)သိန်း၊ ဆန်ရိက္ခာ ဝယ်ယူရန်အတွက် တစ်ဦးလျှင် ငွေကျပ်(၂၁၀၀)နှုန်းဖြင့် လူ(၁၃)ဦးအတွက် ငွေကျပ်(၂၇၃၀၀)ကျပ်နှင့် အိမ်ထောင်စု၊တစ်စုအတွက် ငွေကျပ်(၄၉၀၃၆)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၃) ပုံးအား မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)