ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ  မြို့ပတ်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ ရာနှုန်းပြည့် ပြီးစီး    

ကျောက်ဆည် ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့တွင်းလမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းရေးများပြုလုပ်ပြီး ပန်ုးအလှပင်များ စိုက်ပျိုးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များအား ဆယ်ယူဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး  ခွင့်ပြုရန်ပုံငွေကျပ် (၂၂.၅) သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီး အရည်အသွေးပြည့်မီစွာဖြင့် လမ်းအရှည် (၇၀၀)ပေ၊ လမ်အကျယ်(၁၈)ပေ၊ ထု(၉)လက်မ ကတ္တရာပြန်လည်ခင်းပေးခဲ့ကြောင်း၊  လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်သဖြင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စက်ဘီးစီးနင်းသူများ ချောမွေ့စွာ သွားလာနိုင်ကြောင်းနှင့် ကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)