သာပေါင်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၈၁၁)၊ နှောကုန်းကွင်း၊ အိုင်ဝိုင်းအိုင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းအား ယနေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နှောကုန်းကွင်း၊ ပေါက်တန်းအင်းချောင်း၊ အိုင်ဝိုင်းအိုင် ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ခွင့်ပြုငွေ(၁၂၀)သိန်းဖြင့် အားမာန်လွင်ကုမ္ပဏီမှ (၂၀၀ x ၁၀၀ x ၁၂)ပေ တူးဖော်ပြီးစီးရာသို့ သွားရောက်ကြည့်ရှုတိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်