ပိုင်ကျုံမြို့ ရွှေတီဂုံပုံတူအနှိုက်မဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၌အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပ

ပိုင်ကျုံ   ဧပြီ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၌   အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးမြို့အုပ်ချုပ်ရေးမှူး၊  ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပရဟိတမြို့မသာသနာပြုကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကဆရာတော်၊ သံဃာတော်များအား   နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပရာ ပိုင်ကျုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား မြို့အုပ်ချုပ်ရေးမှူး၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာအလှူရှင်များက ဆွမ်းဆန်၊ ဆီ၊ မုန့်၊ ဆပ်ပြာ၊ ဆေးဝါးများ၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲထုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံစသည့် အသုံးအဆောင်များကို လောင်းလှူခဲ့ကြကြောင်း သိရသည် ။

ပိုင်ကျုံမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရွှေတီဂုံပုံတူအနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ ရေစက်သွန်းချ အမျှအတမ်းပေးဝေသည့် အခမ်းအနားကို ဧပြီလ ၇ ရက်နေ့နေ့လယ် ၁၂ နာရီအချိန်တွင် အမှတ်()ရပ်ကွက် ပရဟိတမြို့မ သာသနာပြုကျောင်း၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်

နော်ခူး(ပြန်/ဆက်)