တွန်းဇံမြို့ လူထုအခြေပြုဗဟိုဌာန၌ စွန့်ပစ်အမှိုက် ကော်ဖီမစ်အခွံများဖြင့် ဖျာယက်လုပ်နည်း သင်တန်းဖွင့်လှစ်

တွန်းဇံ ဧပြီ ၆

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အားလပ်ရက်များတွင် မိသားစုအကျိုးစီးပွား တစ်ပိုင်တစ်နိုင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းလက်မှုပညာ ကော်ဖီမစ် အခွံများဖြင့် ဖျာယက်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ မီးဖိုချောင် စားသောက်ကုန်မှ စွန့်ပစ်အမှိုက် ကော်ဖီမစ်၊ တီးမစ်အခွံများဖြင့် ဖျာယက်လုပ်နည်းအဆင့်ဆင့်ကို ပို့ချပေးကာ တက်ရောက်သူများအားလုံးက လက်တွေ့ ဝိုင်းဝန်းယက်လုပ်ကြသည်။

အဆိုပါ သင်တန်းကို (၂)ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး၊ သင်တန်းသူ (၇)ဦးက ကော်ဖီမစ်အခွံ တစ်ခုကို နှစ်ပိုင်းဖြတ်၍ ဆေးကြောသန့်စင်ပြီး အခြောက်ခံကာ အနားနှစ်ဖက်ကို အတွင်းဘက်သို့ ခေါက်သိမ်း၍ မျက်နှာပြင်ကို ၁.၅ စင်တီမီတာထားရှိပုံ အဆင့်ဆင့်ကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ကျင့်အင်းကျိန်က လက်တွေ့သရုပ်ပြကာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)