မြို့သစ် ဧပြီ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးခြင်းကို မြေအောက်ရေဖြင့် တူးဖော်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးစျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
"ယခုနှစ် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးတစ်ပိဿာကို (၆၀၀၀)ကျပ်စျေး အထိရောင်းရတယ်၊ ငရုတ်သီးက မယ်ညိုသီး၊ ကနဦးပေါ်တုန်းက (၁၀၀၀)/(၁၅၀၀)ကျပ်ရှိတယ်၊ ယခုစျေး (၆၀၀၀)စျေးအတိုင်းဘဲသွားမယ်ဆိုရင် မိသားစုအတွက် အဆင်ပြေပါတယ် "ဟု ၄င်းကပြောသည်။ ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရင် ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးသူများလာကြောင်း ငရုတ်စိုက်တောင်သူထံက သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)