တာချီလိတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က" လေထုညစ်ညမ်းမှုနှင့်မီးခိုးမြူ" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ယခုလို Online အသိပညာပေး Talk Show အစီအစဥ်အား ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာပုံ၊ မီးခိုမြူငွေ့အဓိပ္ပါယ်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်စေသည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပတ်ဝန်းကျင်ကောင်းကင်ယံ၌ မီးခိုးမြူငွေ့များ ဖုံးလွှမ်းနေသည့် အခြေအနေမျိုး ကြုံတွေ့ရသည့်အခါ ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိမိတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထုအရည်အသွေးများ နေ့စဥ်တိုင်းတာပြီး လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခြင်းနှင့် အသိပညာပေးနိူးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ်