မိုင်းဆတ် ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် မြို့တစ် ဖြစ်ပြီး ရိုးရာအစားအစာများကို တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချလေ့ရှိကြရာ အုန်းသီးမုန့်ဖက်ထုပ် တစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချသူများ ရောင်းအားကောင်းသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အုန်းသီးမုန့်ဖက်ထုပ် ပြုလုပ်ရာတွင် ငှက်ပျောဖက်အားခေါက်ချိုး၍ ထုပ်ပိုးမှုအဆင်ပြေအောင် ခေတ္တမျှနေပူလှန်းရကြောင်း၊ ကောက်ညှင်းဆန်အားရေစိမ်ပြီး အမှုန့်ကြိတ်၍သော်လည်းကောင်း (သို့မဟုတ်) အသင့်ကြိတ်ထားသည့် ကောက်ညှင်းမှုန့်အား ရေသင့်တင့်စွာထည့်၍ သမအောင်နယ်ပြီး ရရှိလာသည့် ကောက်ညှင်းမှုန့် အနှစ်အား အသင့်ခြစ်ထားသည့် အုန်းသီးစံများနှင့် ရောထည့်ကာ ငှက်ပျောဖက်ဖြင့်ထုပ်၍ ပေါင်းအိုးဖြင့် ပေါင်းရကြောင်း၊ အုန်းသီးမုန့်ဖက်ထုပ် တစ်ထုပ်လျှင်ငွေ(၂၀၀)ကျပ် ခန့်ရောင်းချရကြောင်း၊ မြို့ပေါ်ရပ်ကွက်မှ ဒေသခံများက အုန်းသီးမုန့်ဖက်ထုပ်အား ငွေကျပ်(၁၀၀၀၀) အထက် အော်ဒါမှာယူပါက လက်ခံပြုလုပ်ပေးပြီး အိမ်အရောက်လိုက်လံပေးပို့သည့် ဝန်ဆောင်မှုဖြင့်လည်း လုပ်ကိုင်ရောင်းချသည့်အတွက် ဝယ်ယူစားသူနှင့် အော်ဒါမှာယူသူများပြားခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အုန်းသီးမုန့် ဖက်ထုပ်လုပ်ကိုင်ရောင်းချသူ ဒေါ်နန်းလုံထံမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)