မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်းမြို့ ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုနောက် သင်တန်းသား/သင်တန်းသူများအား ဝတ်စုံနှင့်သင်တန်း ဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကြံခိုင်စွမ်းရည်ပြိုင်ပွဲတွင်အကောင်းဆုံးအားကစားသ မား (၂) ဦးအားဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးအားကစားနည်းများအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြကစာခြင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)