သတင်းများ

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် “အိမ်မက်ကောင်းကင်လူငယ်ဝတ္ထုတိုများ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Apr 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများသို့ သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်
Apr 04,2023
ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေး၊ သာသနာတော်၏ အခြေခံအုတ်မြစ် ဖြစ်တော်မူသည့် ပရိယတ္တိသာသနာတော်တည်တံ့အောင် ရွက်ဆောင်တော်မူကြသည့် ပရိယတ္တိ ဝန်ဆောင်သာသနာ့အာဇာနည်အရှင်သူမြတ်များ အစဉ်ပေါ်ထွန်းစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ရေဖြူဒေသ၌ ဒုတိယရာသီအဖွင့် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၀၀ကျပ်အထိဈေးရနေ
Apr 04,2023
ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်း ဒုတိယရာသီဖွင့်ချိန် ယနေ့ ဧပြီ ၄ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ် အထိဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
ဟိုင်းကြီးကျွန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် စက်သုံးဆီအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၁၄း၀၀)နာရီအချိန်တွင် မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၁)ရပ်ကွက်အတွင်းရှိ  စက်သုံးဆီဆိုင်(၆)ဆိုင်အား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ဝိုင်းပြုလုပ်
Apr 04,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ ၁  နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် “အတွေ့အကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့် သီလရှင် ဆရာလေးများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းဆောင်ရွက်
Apr 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)တို့ ပူးပေါင်း၍ ကြက်ခြေနီအမှုဆောင်များ၊ တပ်ဖွဲ့ဝင်များစုပေါင်းကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် မီးဘေးထောက်ပံ့ရေးပစ္စည်းများကို ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်းတွင် မီးဘေးသင့် သီလရှင်ဆရာလေးများအား ယမန်နေ့ညနေ (၀၃:၀၀)နာရီအချိန်ကလာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Apr 04,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည် ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။