မိတ္ထီလာ ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည် ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စက်မှုဇုန်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် Box Culvert တည် ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၃၉၅.၂၁၃သန်းဖြင့် စက်မှုဇုန်ဘုရားလမ်းရှိ ရေမြောင်းများတွင် အရှည် ပေ ၄၀ ၊ အကျယ် ၅ ပေ ၊ အမြင့် ၆ ပေရှိ Box Culvert (၅) စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ၂၅ ပေ၊ အကျယ် ၁၀ ပေ ၊ အမြင့် ၁၂ ပေရှိ အုတ်ရိုးစီကွန်ကရစ်တံတား တစ်စင်းတည်ဆောက်ခြင်း၊ အရှည်ပေ ၁၅၃၀ ၊ ထိပ်ဝအကျယ် ၆ပေ၊ အောက်ခြေအကျယ် ၄ပေ၊ အမြင့် ၄ပေရှိ အုတ်ရေမြောင်းပြုပြင်ခြင်း၊ အရှည်ပေ ၂၂၅၀၊ ထိပ်ဝ အကျယ် ၈ ပေ၊အောက်ခြေအကျယ် ၄ ပေ၊ အမြင့် ၆ ပေရှိ အုတ်ရေမြောင်းပြုပြင်ခြင်းနှင့် အရှည်ပေ ၃၃၆၀၊ အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION CO;LTD က တာဝန်ယူ၍ ဇန်နဝါရီလ ၁၇ ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး စက်မှုဇုန်မှထွက်ရှိသည့် ရေဆိုးများထုတ်လွှတ်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)